ထိုင်းနိုင်ငံရဲ့ ရှယ်ဘီယာဖခင်ကြီး Wichit Saiklao

Wichit Saikao က Burbrit Brewery ကိုလာခဲ့ပြီး Guest Brew Beer အနေနဲ့ Good Chit Pilsner ရယ် White Mango IPA ဘီယာနှစ်မျိုးလုံးကို လာရောက်ချက်လုပ်ခဲ့ပါတယ်။

Wichit Saiklao ဟာ အသက် ၄၈ နှစ်အရွယ်လူလတ်ပိုင်းတစ်ဦး၊ စစ်ဗိုလ်မှူးတစ်ယောက် ဖြစ်ခဲ့ကာ ထိုင်းနိုင်ငံရဲ့ Craft Beer သမိုင်းကို စတင်ခဲ့တဲ့ ရှယ်ဘီယာဖခင်ကြီးတစ် ယောက် လို့ဆိုလည်း မမှားပါ။ သူဟာ 2012 ခုနှစ်မှာတော့ ဘန်ကောက် မြို့ရဲ့ မြောက်ဘက် Chao Phraya မြစ်ထဲက Ko Kret ကျွန်းငယ်လေးမှာ သူ့ရဲ့ Chit Beer Brewing Academy လေးကိုစတင် ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ Chit Beer Brewing Academy လေးဟာ အပတ်စဉ် စနေနေ့တိုင်း Craft Beer စိတ်ဝင်စားသူတွေ လေ့လာချင်သူတွေနဲ့ စည်းကားနေပြီး Wichit ကလည်း သင်တန်းသားတွေ နားမလည်တဲ့ ဘီယာချက်တဲ့လုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းသင်ပြပေးလျက်ရှိတဲ့အပြင် ခုချိန်ထိ

သင်တန်းသားစုစုပေါင်း သုံးထောင်ကျော်ကို သူ့ရဲ့ကျောင်းလေးကပင် မွေးထုတ်ထားခဲ့ ပြီးတာကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ သင်တန်းကျောင်းမှနေပြီး တစ်ပတ်လုံးချက်လုပ်ခဲ့တဲ့ Chit Beer အမျိုးအစားအများ အပြားကို စနေ တနင်္ဂနွေ နှစ်ရက်တွင်ပဲ ရောင်းချပါတယ်။ Wichit ရဲ့ ရည်ရွယ်ချက်က ဘီယာချက်တဲ့ပညာကို တစ်ခြားသူတွေကိုလည်း ဝေမျှပေးချင်တာဖြစ်တယ်လို့လည်း သူအမြဲပြောပါတယ်။

Wichit Saiklao ချက်ခဲ့တဲ့ Good Chit Pilsner နဲ့ White Mango IPA ဘီယာနှစ်မျိုးလုံးကို Burbrit ရဲ့ Limited Brews အနေနဲ့ Burbrit Tasting Room (မြောက်ဒဂုံ) နဲ့ Burbrit Taproom တို့မှာ နိုဝင်ဘာလလယ်လောက်တွင် ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။